မြစ်သားမြို့နယ်ရှိ ငလျင်ဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းနှင့်ဆန်ရိက္ခာဖိုးငွေပေးအပ်

မြစ်သား  ဇူလိုင်  ၂၉

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ၂၀၂၅ခုနှစ် မတ် ၂၈ရက်က မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်သည့်အိမ်ထောင်စုများအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေနှင့်ဆန်ဖိုးငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ကြောင်းသိရသည်။

အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ဖိုးငွေပေးအပ်ရာတွင် မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ၈၄အုပ်စုမှ လုံးဝပျက်စီးတိုက်အိမ် ၂၀၃လုံးအတွက်၊ လုံးဝပျက်စီး နေအိမ် ၆၉လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် ၁၉၀၇ လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် အိမ်ထောင်စု ၂၁၇၉စု၊ လူဦး‌ရေ ၁၈၀၀၅ ဦးတို့အတွက် တစ်ပတ်ဆန်ရိက္ခာဖိုးအပါအဝင် စုစု‌ပေါင်း ငွေကျပ်၂၃၂၈၇၅၀၀၀ ကို ငလျင်ဘေးသင့်ပြည်သူများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သန်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်း နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ဝါဝါမြင့် (မြစ်သား)