ထားဝယ်မြို့၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား Unique Indentity ကတ်ပြားဆောင်ရွက်ပေးလျက်ရှိ

ထားဝယ်        ဇူလိုင်  ၂၉

နိုင်ငံတော်၏တာဝန်ထမ်းဆောင်ခဲ့သည့်နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာထုတ်ပေးရာတွင် လိုအပ်လျက်ရှိသည့် UID(Unique  Indentity)  ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနလောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို  ဇီဝဆိုင်ရာအချက်အလက်များကောက်ယူပြီး  UID စနစ်ဖြင့် ဇူလိုင် ၃၁ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)