ဖျာပုံမြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် ရာသီဥတု အညွှန်းကိန်းအခြေပြု သီးနှံအာမခံထားရှိခြင်းဆိုင်ရာ ဆွေးနွေး

ဖျာပုံဇူ လိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် ရာသီဥတုအညွှန်းကိန်းအခြေပြုသီးနှံအာမခံထားရှိခြင်း ဆိုင်ရာဆွေးနွေးပွဲကို ဇူလိုင်လ(၂၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်းနှင့် ရာသီဥတု အညွှန်းကိန်းအခြေပြုသီးနှံအာမခံထားရှိခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာ ဦးဝင်းနိုင်က၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များအား ရှင်းလင်းပြောကြားပြီး မြန်မာ့အာမခံလုပ်ငန်း တိုင်းဒေသကြီး တာဝန်ခံဦးသန်းထွဋ်က ရာသီဥတုအညွှန်းကိန်း အခြေပြုသီနှံအာမခံထားရှိခြင်းနှင့် အာမခံထားရှိခြင်းကြောင့် ရှိနိုင်သောအကျိုးကျေးဇူးများအား အသေးစိတ်ရှင်းလင်းပြောကြားကြသည်။
ထိုနောက်ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးထားမှုအခြေအနေများနှင့် ရာသီဥတုအညွှန်ကိန်းအခြေပြု သီးနှံအာမခံထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာ ဦးဝင်းနိုင်၊ မြန်မာ့အာမခံလုပ်ငန်း တိုင်းဒေသကြီး တာဝန်ခံ ဦးသန်းထွဋ်၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁)ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု၊ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှမိုးရာ သီစိုက်ပျိုးစရိတ်ချေးငွေများအားတောင်သူများ၏ လက်ဝယ်အရောက်ချေးငွေများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

(ဖျာပုံခရိုင်ပြန်/ဆက်)