လေးမျက်နှာ ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဗိုလ်ချုပ်လမ်းဆုံနှင့် အိုင်သပြုဈေးတွင် ရေဘေး၊ ကမ်းပြိုဘေး၊ လေဘေး၊ မုန်တိုင်းဘေးအန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသက်တပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ရေဘေး၊ ကမ်းပြိုဘေး၊ လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်အသိပညာပေးနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နေချိန်တွင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရမည့်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအစရှိသည့်တို့ပါဝင်ကြောင်း သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာမှ ပြည်သူများ သဘာဝဘေးအန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဟောပြောပွဲများဆောင်ရွက်ခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)