သတင်းများ

ကြံခင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Sep 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ကျင်းပခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ပန်းတနော်မြို့၌ ယာဥ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးစစ်ဆေး
Sep 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စနစ်တကျမောင်းနှင်နိုင်စေရေး အသိပညာပေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဒုတိယဆုရရှိခဲ့သော သရက်မြို့နယ်အမျိုးသားအသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ
Sep 27,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဒုတိယဆု ရရှိခဲ့သော သရက်မြို့နယ် အမျိုးသားအသင်းအား ဂုဏ်ပြုပွဲ ကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် စပ်လျဥ်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံသီရီခန်းမတွင်၊ စက်တင်ဘာ ၂၅ ရက်နေ့ နံနက် (၁၀) နာရီအချိန်က အမှိုက်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် စပ်လျဥ်း၍ အသိပညာပေး ဟောပြောပွအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့သည်။
ဇမ္ဗူသီရိမြိုနယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းများဆောင်ရွက်
Sep 27,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်း ဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါ တားမြစ်ချက်များနှင့် Quick winအစီအမံ(၅)ရပ်ကို လိုက်နာမှုရှိစေရေးတို့အတွက် ၂၀၂၃ခုနှစ်စက်တင်ဘာလ‌၂၆ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ် ယာဉ်စစ်ဆေးရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ယာဉ်စစ်ဆေးရေးအဖွဲ့ငယ်မှ အဖွဲ့ဝင်များဖြစ်သော  အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ  ဦးသိန်းကိုကို အ ပါအဝင်(၅)ဦး၊  နယ်မြေရဲစခန်း ၃ မှ   ဒုရဲအုပ်  ဝေယံလင်း ဦးစီး(၁+၁)၊ ဒုအရာခံဗိုလ်မျိုးနောင်ပါ (၁+၃)၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင့်ထူးအောင်၊ ဇမ္ဗူသီရိမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု(၁)မှ တပ်ကြပ်ကြီး အောင်ထွေးဦးပါ (၂)ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေကြာ ပင်ရပ်ကွက်၊ စည်ပင်မီးပွိုင့်အနီးတွင် လိုင်စင်မဲ့မော်တော်ယာဉ်များ စစ်ဆေးခြင်း၊ ယာဉ်သက်သေခံလက်မှတ်များ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကား ၂၃၈ စီးခန့်၊ ဆိုင်ကယ် ၁၉၀ စီးခန့်၊ သုံးဘီးယာဉ် ၅ စီးခန့်၊ အိုးဝေ ၁၂ စီးခန့် လူဦးရေ ၄၃၀ ဦးခန့်၊ အမောင်းလိုင်စင်မပါ(၁)မှုနှင့် အမောင်းသက်တမ်းလွန်မှု(၁)မှု စုစုပေါင်း(၂)မှု တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေး၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ စစ်ဆေးခြင်း၊ တုတ်/ ဓား လက်နက်များ စစ်ဆေးခဲ့ခြင်းတို့အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ အရေး ယူဆောင်ရွက် ခဲ့‌ကြောင်း သိရသည်။
နမ့်ခမ်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲအား ကွင်းဆင်းဆောင်ရွက်
Sep 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုလိုစိတ်ရှိလာစေရန် ရည်ရွယ်ပြီး အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်​ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က (၂) ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထီးချိုင့်မြို့၌ ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး 
Sep 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် ဈေးနှုန်းသက်သာစွာဖြင့် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆီကိုယ်စားလှယ် ဦးမျိုးမင်းအောင်တို့က ယနေ့နံနက် (၈)နာရီက ဗိုလ်ချုပ်လမ်း ဆက်သွယ်ရေးရုံး‌ရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှ၌ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး မြေဩဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Sep 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး မြေဩဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီက ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူဒေါ်ကြည်ကြည်မြင့်၏ ပျိုးသက်နုကောက်ကွက်ကြဲ (SRI) မိုးစပါးစိုက်ခင်း၌ ကျင်းပကြောင်း သိရသည်။