သတင်းများ

ကသာမြို့နယ်တွင် ပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်ရေအရည် အသွေးရလဒ်များအား ထုတ်ပြန်ကြေညာပေး
Sep 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်အတွင်း ပတ်ဝန်းကျင်လေထု အရည်အသွေး ညွှန်းကိန်းနှင့် ဧရာဝတီမြစ်၏ ရေအရည် အသွေးတိုင်းတာမှု ရလဒ်များကို အပတ်စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တော်မြို့လူ ထုအခြေပြုဗဟိုဌာ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ပြုလုပ်
Sep 26,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က စာ​​ရေးဆရာ မခင်စောတင့်​ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစု” စာအုပ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ညောင်ဦးမြို့ အမှတ်(၅)၊ဗိုလ်ချုပ်ပန်းခြံရှေ့၌ ပြည်သူ့သက်သာဈေးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချ
Sep 26,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ညောင်ဦးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့ ပူးပေါင်း၍ ညောင်ဦးမြို့ အမှတ်(၅)၊ ဗိုလ်ချုပ်ပန်းခြံရှေ့၌ ပြည်သူ့သက်သာဈေးအရောင်းဆိုင်ကို ယနေ့ နံနက် ၈ နာရီအချိန်က ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်းသိရသည်။
မိုင်းရှူးမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် လုပ်ငန်းဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ညှိနှိုင်းဆောင်ရွက်
Sep 26,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်(၂)ဖြင့် ဝမ်လွိုင်ကျေးရွာအုပ်စုမှ ရွာသူ၊ ရွာသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် လဲလှယ်ပေးခြင်းနှင့်
စက်မှု၊စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာများ အသိပညာပေးဟောပြောပွဲ အ-ထ-က-ရွှေသောင်ယံကျောင်းတွင်ကျင်းပ
Sep 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က ရွှေသောင်ယံ စာသင်ကျောင်းတွင် ယနေ့ နံနက်(၉)နာရီက Grade-9 ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသား မိဘများအား ကျောင်းအုပ်ဆရာမကြီးမှ တွေ့ဆုံ၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်သည်။
သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 26,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်(၉)နာရီအချိန် ကမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တန့်ယန်းခရိုင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၃) ကျင်းပ
Sep 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၉/၂၀၂၃)ကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
စေတုတ္တရာမြို့မဈေးကြီး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Sep 26,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက မြို့နယ်ရှိ မြို့မဈေးသို့ သွားရောက်ပြီး ဈေးရောင်း၊ ဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။