မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဒုတိယဆုရရှိခဲ့သော သရက်မြို့နယ်အမျိုးသားအသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

သရက် စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဒုတိယဆု ရရှိခဲ့သော သရက်မြို့နယ် အမျိုးသားအသင်းအား ဂုဏ်ပြုပွဲ ကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်မျိုးလတ်က အဖွင့်အမှာ စကားပြောကြားပေးခဲ့ပြီး အသင်းနည်းပြဆရာက အားကစားသမားများအား မိတ်ဆက်ပေးပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်စဉ် ကြုံတွေ့ခဲ့ရမှုများအား ရှင်းလင်းပေးခဲ့သည်။

ထို့နောက် သရက်မြို့နယ်မှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဒုတိယဆု ရရှိခဲ့သော အမျိုးသားအသင်းအား ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ(အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဒုတိယဆု ရရှိခဲ့သော အမျိုးသားအသင်းအား သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌထံသို့ ဆုရရှိသည့် သရက်မြို့နယ်အသင်းမှ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။  

ဇော်ထက်(သရက်)