ကြံခင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကြံခင်း စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ကျင်းပခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ကျင်းပခဲ့သည်။

အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပရာ ခရိုင်ပညာရေးမှူး ဦးမြင့်အောင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အခြေခံကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြရာ (အ.ထ.က) ဆိပ်သာ အမျိုးသားဘောလုံးအသင်းက (အ.ထ.က-၁) အမျိုးသားဘောလုံးအသင်းကို (၄)ဂိုး၊ (၃)ဂိုးဖြင့်လည်းကောင်း၊ (အ.ထ.က) ဆိပ်သာ အမျိုးသမီးဘောလုံးအသင်းက (အ.ထ.က) ဘက်ရဲအမျိုးသမီးအသင်းအား (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိကြောင်း သိရသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ပထမဆုရရှိကြသော (အ.ထ.က) ဆိပ်သာအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း တို့ကလည်းကောင်း၊ ဒုတိယဆုရရှိကြသော (အ.ထ.က-၁) အမျိုးသားဘောလုံးအသင်းနှင့် (အ.ထ.က) ဘက်ရဲအမျိုးသမီးဘောလုံးအသင်းတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးအောင်စိုးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းမင်းခိုင်တို့ကလည်းကောင်း၊ အကောင်းဆုံး ဘောလုံးသမားဆုများနှင့် ဆုလည်ဆွဲများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ကျော်၊ ခရိုင်ပညာရေးမှူးဦးမြင့်အောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇေမင်းထွန်း၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်တို့က ဆုများချီးမြှင့်ပေးအပ်ကြကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ရိုက်ကူးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)