သတင်းများ

လားရှိုးမြို့တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသထွက် ဖရဲသီးများ လာရောက်ရောင်းချရာ ဈေးကောင်းရလျက်ရှိ
Sep 27,2023
မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးဖြစ်ထွန်းသော ဖရဲသီးများ လားရှိုးမြို့တွင် လာရောက်ရောင်းချလျက်ရှိနေကြပြီး ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဘိုးဘွားရိပ်သာများနှင့် ပရဟိတကျောင်းများသို့ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း
Sep 27,2023
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကာကွယ်စောင့်ရှောက် ရန်လိုအပ်သော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား စောင့်ရှောက်လျက်ရှိသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ရေရှည်တည်တံ့စေရေးအတွက် နိုင်ငံတော်ကိုယ်စား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့မှုများပေးနိုင်ရန်နှင့် တည်ထောင်ထားရှိသော ဂေဟာ၊ ရိပ်သာ၊ ကျောင်းများတွင် လက်ခံ စောင့်ရှောက်ထားသူများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ နည်းစနစ်ကျကျ စောင့်ရှောက်မှုများပေးနိုင်ရန်ရည်ရွယ်၍ မိမိတို့အစီအစဉ်ဖြင့် တည်ထောင်ဖွင့်လှစ်ထားသော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ မသန်စွမ်းဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများ၊ ကိုယ့်အားကိုယ့်ကိုးမူလတန်းကြိုကျောင်းများအား ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ် အတွင်းရှိ ဘိုးဘွားရိပ်သာ များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
မိုင်းခတ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Sep 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျော့ချ၍ ပလတ်စတစ်အစား ဖက်ရွက်များဖြင့် အစားထိုးအသုံးပြုတတ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၇)နာရီအချိန်က မိုင်းခတ်မြို့မဈေးအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဧည့်စာရင်း စစ်ဆေးဆောင်ရွက်
Sep 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ညဉ့်အိပ်ညဉ့်နေ လာရောက်သူများ ဧည့်စာရင်းတိုင်ကြားထားခြင်း ရှိ၊ မရှိကို ယမန်နေ့ ည ၈ နာရီတွင် တာဝန်ရှိသူများက ဧည့်စာရင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မြို့နယ်လျှပ်စစ်ခွဲရုံး အဆောက်အဦ‌ပေါ် သစ်ပင်လဲကျ၍ အမိုးအနည်းငယ်ထိခိုက်ပျက်စီး
Sep 27,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝန်းရှိ သစ်ပင်လဲကျကာ မြို့နယ်လျှပ်စစ်ခွဲရုံး အဆောက်အဦပေါ်သို့ပိမှုဖြစ်ပွားခဲ့ပြီး အဆောက်အဦ၏ အမိုးအနည်းငယ် ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၅၃၆၀ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Sep 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၅၃၆၀)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့၌ စိုက်ပျိုးမွေးမြူရေးထုတ်လုပ်မှု တိုးတက်မှုမြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 27,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ စိုက်ပျိုး မွေးမြူရေးထုတ်လုပ်မှု တိုးတက်မှုမြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။