ထီးချိုင့် စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် ဈေးနှုန်းသက်သာစွာဖြင့် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆီကိုယ်စားလှယ် ဦးမျိုးမင်းအောင်တို့က ယနေ့နံနက် (၈)နာရီက ဗိုလ်ချုပ်လမ်း ဆက်သွယ်ရေးရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် ပြည်သူများ သက်သာသောနှုန်းဖြင့် ဝယ်ယူနိုင်စေရန် လူတစ်ဦးလျှင် စားအုန်းဆီ ငါးဆယ်သားကို ၂၇၀၀ ကျပ်ဖြင့် စားအုန်းဆီ (၂၂၀)ပိသာကို သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ကြီးကြပ်မှုဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခြင်းဖြစ်သည်။
ထီးချိုင့်မြို့တွင် စားအုန်းဆီ ၁ ပိဿာလျှင် ပြင်ပပေါက်စျေးမှာ ၁၂၀၀၀ကျပ် ဖြစ်ပြီး ယခုရောင်းချပေးရာတွင် ၁ ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြစ်၍ ပြင်ပထက် ထက်ဝက် သက်သာသည့်အတွက် လာရောက်ဝယ်ယူခြင်းဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားသွားကြောင်း သိရှိရပါသည်။
ရဲလင်းထွန်း(ထီးချိုင့်)