တောင်တွင်းကြီးမြို့နယ် ကင်ပွန်းတောင်ရေလှောင်တမံအတွင်းသို့ ငါးကောင်ရေ တစ်သိန်းခုနစ်သောင်း စိုက်ထည့်
Sep 26,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် ငါးသယံဇာတများ ပေါများစေရေးနှင့် ဒေသတွင်းပြည်သူများ ငါးရိက္ခာများ ပိုမိုရရှိစားသုံးနိုင်ရေးအတွက် တောင်တွင်းကြီးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဆည်၊ တာတမံများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေနံနက် ၈ နာရီတွင် ကင်းပွန်တောင်ရေလှောင်တမံ၌ ဆောင်ရွက်ခဲ့သည်။