ဇမ္ဗူသီရိ စက်တင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါ တားမြစ်ချက်များနှင့် Quick winအစီအမံ(၅)ရပ်ကို လိုက်နာမှုရှိစေရေးတို့အတွက် ၂၀၂၃ခုနှစ်စက်တင်ဘာလ၂၆ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ် ယာဉ်စစ်ဆေးရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ယာဉ်စစ်ဆေးရေးအဖွဲ့ငယ်မှ အဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ ဦးသိန်းကိုကို အ ပါအဝင်(၅)ဦး၊ နယ်မြေရဲစခန်း ၃ မှ ဒုရဲအုပ် ဝေယံလင်း ဦးစီး(၁+၁)၊ ဒုအရာခံဗိုလ်မျိုးနောင်ပါ (၁+၃)၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင့်ထူးအောင်၊ ဇမ္ဗူသီရိမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု(၁)မှ တပ်ကြပ်ကြီး အောင်ထွေးဦးပါ (၂)ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေကြာ ပင်ရပ်ကွက်၊ စည်ပင်မီးပွိုင့်အနီးတွင် လိုင်စင်မဲ့မော်တော်ယာဉ်များ စစ်ဆေးခြင်း၊ ယာဉ်သက်သေခံလက်မှတ်များ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကား ၂၃၈ စီးခန့်၊ ဆိုင်ကယ် ၁၉၀ စီးခန့်၊ သုံးဘီးယာဉ် ၅ စီးခန့်၊ အိုးဝေ ၁၂ စီးခန့် လူဦးရေ ၄၃၀ ဦးခန့်၊ အမောင်းလိုင်စင်မပါ(၁)မှုနှင့် အမောင်းသက်တမ်းလွန်မှု(၁)မှု စုစုပေါင်း(၂)မှု တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေး၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ စစ်ဆေးခြင်း၊ တုတ်/ ဓား လက်နက်များ စစ်ဆေးခဲ့ခြင်းတို့အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ အရေး ယူဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင် ပါဝင်သော မော်တော်ဆိုင်ကယ်စီးနှင်သူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ခြင်း ရှိ/မရှိ၊ မော်တော်ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်း အသုံးပြုခြင်း၊ အရက်သေစာသောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်ခြင်းနှင့် မော်တော်ယာဉ် မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပိုမောင်းနှင်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်အသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်နှင့် ကိုက်ညီသည့် ပြစ်ဒဏ်များဖြင့်လည်း အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အောင်သူရဦး (ပြန်/ဆက်)