ဒဂုံ စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံသီရီခန်းမတွင်၊ စက်တင်ဘာ ၂၅ ရက်နေ့ နံနက် (၁၀) နာရီအချိန်က အမှိုက်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် စပ်လျဥ်း၍ အသိပညာပေး ဟောပြောပွအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးအခမ်းအနားသို့ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ဌာနမှူး၊ ကျောက်တံတားခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ ကျောင်းသူ (၃၅၀) ဦး တက်ရောက်ကြပါသည်။
အခမ်းအနားတွင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူများက အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ အသိပညာပေးလက်စွဲစာစောင်၊ လက်ကမ်းစာစောင်၊ ဗလာစာအုပ်၊ ဘောပင်၊ အမှိုက်အိတ်များအား ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ကာ အခမ်းအနားကို (၁၁း၃၀) နာရီအချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။
မိုးမိုးခိုင်