သတင်းများ

သံတောင်ကြီးမြို့တွင် လက်ဖက်မွှေးဝယ်လိုအားကောင်းလာခြင်းကြောင့် ပိုမိုစိုက်ပျိုး
Sep 28,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီးစသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် လက်ဖက်မွှေးများ ဝယ်လိုအားကောင်းလာခြင်းကြောင့် ဒေသခံပြည်သူများ ပိုမိုစိုက်ပျိုးလုပ်ကိုင်လာကြကြောင်း တွေ့ရသည်။
ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးခြင်းအထိမ်းအမှတ် ကျောင်းနေအရွယ်ကလေးများအား နို့တိုက်ကျွေး
Sep 28,2023
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ကျောင်းများနို့တိုက်ကျွေးခြင်း အထိမ်းအမှတ် ကျေးနေအရွယ်ကလေးငယ်များအား နို့တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၆)ရပ်ကွက်ရှိ၊ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ သွားရောက် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Sep 28,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိ/မရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်နိုင်ငံရေးပါတီများ ညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊နမ့်ခမ်းမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင် အင်အားစာရင်း မှန်ကန်ပြည့်မီစေရေး ပူးပေါင်းစိစစ်ဆောင်ရွက်မှုလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်ကိုက်ညီစွာ ဆောင်ရွက်နိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို   ယမန်နေ့နံနက်ပိုင်း က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပန်းတောင်းမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးစာပေဟောပြောပွဲကျင်းပ
Sep 28,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေးစာပေဟောပြောပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်း(ခွဲ) ရွာသာယာရွာစာသင်ကျောင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့တွင် မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 28,2023
မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
မိုးကုတ်မြို့ အ.ထ.က (၃)တွင် ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၁၀/၂၀၂၃)နှင့် (၁၁/၂၀၂၃) ဆင်းပွဲကျင်းပ
Sep 28,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အောင်ချမ်းသာရပ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာလ ၁၆ ရက်နေ့၊ မွန်းလွဲ (၃)နာရီအချိန်က ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း (၁၀/၂၀၂၃)နှင့် (၁၁/၂၀၂၃)ဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေးသင်တန်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်
Sep 28,2023
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် ဖွင့်လှစ်ထားသည့်  စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေးသင်တန်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။