ပန်းတောင်းမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးစာပေဟောပြောပွဲကျင်းပ

ပန်းတောင်း စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေးစာပေဟောပြောပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်း(ခွဲ) ရွာသာယာရွာစာသင်ကျောင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆရာခွန်နေဒူး(သနီမြေ)နှင့် ဆရာဦးမြင့်ဌေး(ဥသျှစ်ပင်)တို့မှ သုတရသစာပေအကြောင်းအရာများဟောကြားပြီး ဆရာဦးမြင့်ဌေးမှ ပန်းတောင်းမြို့နယ်စာရေးဆရာအသင်းမှထုတ်ဝေသည့် (၂၀၂၄)ခုနှစ်ပြက္ခဒိန်ကို ကျောင်းအတွက်ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြောကြား၍​အခမ်းအနားကိုညနေ(၃)နာရီအချိန်၌ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

လပြည့်လင်း(ပြန်/ဆက်)