ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၂၈
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ကျောင်းများနို့တိုက်ကျွေးခြင်း အထိမ်းအမှတ် ကျေးနေအရွယ်ကလေးငယ်များအား နို့တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၆)ရပ်ကွက်ရှိ၊ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ သွားရောက် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးခြင်းအထိမ်းအမှတ် ကျောင်းနေအရွယ်ကလေးငယ်များအား နို့တိုက်ကျွေးခြင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးသိန်းက ကျောင်းနေအရွယ်ကလေးငယ်များအား အာဟာရပြည့်နို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ ဌာနဆိုင်ရာတာဝန်ရှိသူများမှ အဆိုပါကျောင်းရှိ မူလတန်းကလေးငယ်များအား အာဟာရပြည့်နို့ဘူးများအား ဝေငှပေး၍ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး