သတင်းများ

ပါတီဝင်အင်အားစိစစ်ခြင်းနှင့် နိုင်ငံရေးပါတီများအား တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ ပါတီဝင်အင်အားစိစစ်ခြင်းနှင့်နိုင်ငံရေးပါတီများအား တွေ့ဆုံညှိုနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က မူဆယ်မြို့ ပြည်သူ့ဝန်ဆောင်မှုရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။
အ-ထ_က(ခွဲ) ပိုင်ကျုံကျောင်း၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 28,2023
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အ-ထ-က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့အား အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး
Sep 28,2023
စစ်တွေမြို့အား အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဌာနမှူးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ရက်ချိန်းပေးစနစ်ဖြင့် ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)များကို တစ်ရက်လျှင် ဦးရေ(၅၀၀)မှ ဦးရေ(၅၈၀)အထိ ဝင်/ထွက်သွားလာနိုင်ရေး တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိ
Sep 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်လူဝင်/ထွက်ဂိတ်များမှ (၆)ညအိပ်(၇)ရက်ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)များကို ရက်ချိန်းပေးစနစ်ဖြင့် ပိုမိုအဆင်ပြေအောင်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ နံနက်၈နာရီအချိန်က  ကောင်းမှုတုံရပ်ကွက်၊ ငွေဆင်အိမ်ရာတွင် တစ်ရက်လျှင် ဦးရေ(၅၀၀)မှ ဦးရေ(၅၈၀)အထိ နယ်စပ်ဖြတ်သန်းဝင်/ထွက်သွားလာနိုင်ရေးကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထားဝယ်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 28,2023
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြင်ဦးလွင်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ
Sep 28,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၈) အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပသည်။
ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်
Sep 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျောင်းခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Sep 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။