ထားဝယ် စက်တင်ဘာ ၂၈
မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ဟောပြောပွဲတွင် တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါက်တာဝင့်သူနှင့် ထားဝယ်မြို့နယ်ဦးစီးမှူး ဒေါက်တာသိန်းဇော်မင်းတို့က ကုလသမဂ္ဂ၏ ကမ္ဘာ့မိုးလေဝသအဖွဲ့မှ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်နိုင်ခြေ(၈၀%)ရှိလာနိုင်သည်ဟု ခန့်မှန်းချက်အရ အယ်လ်နီညိုကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ အနည်းဆုံးဖြစ်စေရန်နှင့် ကြိုတင်ပြင်ဆင်ထားရန်အချက်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောသည်။
ဟောပြောပွဲသို့ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာဝင့်သူနှင့်တာဝန်ရှိသူများ ထားဝယ်မြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ကိုင်ဆောင်ရွက်သူ တောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)