မဟာအောင်မြေမြို့နယ်၌ အများပြည်သူစုပေါင်း၍ သံဃာတော် (၂၅၀) ပါး ဘုံဆွမ်းလောင်းလှူဒါန်းပြုလုပ်
Sep 29,2023
မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အပါအဝင် အခြားရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ သံဃာတော်များအဆင်ပြေစွာ သတင်းသုံးတော်မူနိုင်ရန်အတွက် ဆွမ်း၊ ဆွမ်းဟင်းနှင့် အခြားလှူဖွယ်ပစ္စည်းများကို တော်သလင်းလပြည့်နေ့ နံနက်(၅)နာရီအချိန်က မဟာအောင်မြေမြို့နယ် ၃၅ လမ်း ၆၉ လမ်းထောင့်၌ သံဃာတော် (၂၅၀) ပါးအား ကြက်ဥများနှင့် ငါးခြောက်ကြော်၊ သရက်ချင်သုတ်၊ ဆပ်ပြာမှုံ၊ သင်္ကန်းဒွီစုံ ၅ စုံ၊ ငွေကျပ် (၂၅၀၀၀၀)၊ မီးအိမ်ရှင်ဆရာတော် ဦးစီး၍ စားရေးတံမဲဖောက်ပေးခြင်းများဖြင့် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။