သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး ပျဉ်းမနားမြို့ရှိ ကျောင်းများတွင် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုအားပေး
Sep 28,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၏ ဇနီးများ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌   နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းသူများအာ ကောက်သင်းကောက် ကာကွယ်ဆေး ထိုးနှံပေးနေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။ 
နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံမိုး(နေကြာ) ဆင်းရွှေကြာ-၂ နေကြာစံကွက်ရိတ်သိမ်း
Sep 28,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌  မျိုးစေ့ထုတ်စိုက်ခင်း မိုး(နေကြာ) ဆင်းရွှေကြာ-၂ နေကြာစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က အင်းကုန်းကျေးရွာ တောင်သူဦးကျော်မင်းနိုင်၏ ကွင်းအမှတ် (၄၆၂)  လယ်ယာမြေတစ်ဧကရိတ်သိမ်းခဲ့ရာ နေကြာအစိုတင်း (၁၆)တင်း ထွက်ရှိကြောင်း  သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 28,2023
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
နတ်တလင်းမြို့နယ်၌ အယ်လ်နီညိုနှင့်မွေးမြူရေးအသိပညာပေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်
Sep 28,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အယ်လ်နီညိုနှင့်မွေးမြူရေး အသိပညာပေးရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကြတ်ခတ်ဝါရုံကျေးရွာအုပ်စု၊ မင်းစုကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်ပ
Sep 28,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျောက်ထရံကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာရှိ လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(ခွဲ)၂၅ ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Sep 28,2023
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သုံးခွမြို့၌ ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာအရောင်းဆိုင်များအား စိုက်ပျိုးရေးသုံး ဥပဒေရေးရာများရှင်းလင်းဆွေးနွေးပွဲပြုလုပ်
Sep 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာရောင်းချသည့် ဆိုင်ပိုင်ရှင်များအား စိုက်ပျိုးရေးသုံး ဥပဒေရေးရာများရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မြို့သစ်တွင် ဒေသထွက်ကြက်သွန်နီစိုက်ခင်းများအောင်မြင်ပြီး ရောင်းချချိန်စျေးကောင်းရရှိ
Sep 28,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကြက်သွန်နီတစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်မှုများ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ စျေးကောင်းရရှိကြောင်းသိရသည်။