လားရှိုး စက်တင်ဘာ၂၈
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် ဖွင့်လှစ်ထားသည့် စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေးသင်တန်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ လူထုအခြေပြုဗဟိုဌာန(Community Centre- Lashio)တွင် ဆောင်ရွက်နေသည့် အသိပညာပေးလုပ်ငန်းများအကြောင်း၊ ယနေ့ခေတ်လူငယ်များအတွက် ဆိုရှယ်မီဒီယာ၏ ကောင်းကျိုး၊ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်းစသည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးသည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လားရှိုးခရိုင်ရုံးမှ ခင်းကျင်း ပြသထားသည့် စာအုပ်၊စာစောင်များကို သင်တန်းသားများက ဖတ်ရှုလေ့လာခဲ့ကြပြီး ငှားရမ်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဖြတ်ကုသရေးသင်တန်းသို့ လားရှိုးမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်တို့မှ မူးယစ်ဆေးဝါးဖြတ်ပြီးသူ (၂၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ သုံးလကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်