မိုးကုတ်မြို့ အ.ထ.က (၃)တွင် ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၁၀/၂၀၂၃)နှင့် (၁၁/၂၀၂၃) ဆင်းပွဲကျင်းပ

မိုးကုတ် စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အောင်ချမ်းသာရပ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာလ ၁၆ ရက်နေ့၊ မွန်းလွဲ  (၃)နာရီအချိန်က ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း (၁၀/၂၀၂၃)နှင့် (၁၁/၂၀၂၃)ဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဒေါက်တာအောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်မြင်မြင့်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး အ.ထ.က (၃)မှ အထက်တန်းပြဆရာမ ဒေါ်ရီတာက ကျောင်းအုပ်ဆရာမကြီးကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ကြက်ခြေနီ ရှေးဦးပြုစုခြင်းသင်တန်းတွင် သင်တန်းထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသား/သူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်၍ သင်တန်သားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းကို စက်တင်ဘာ (၂၃)ရက်နေ့မှ (၂၆)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အ.ထ.က (၃)မှ ကျောင်းသား/ သူ(၁၄၈)ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)