သတင်းများ

ငပုတောမြို့၌ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း‌ လောင်းလှူပွဲကျင်းပ
Sep 28,2023
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြို့သူမြို့သားများ ဦးဆောင်၍ ငပု‌တောမြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလ သီတင်သုံးဝါဆိုဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ယနေ့နံနက် ၇ နာရီတွင် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူ ပူ‌ဇော်ဇော်ခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်တွင် (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး ‘အခမဲ့’ ထိုးနှံပေး
Sep 28,2023
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး ‘အခမဲ့’ ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ် P E C ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Sep 28,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် P E C ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉:၃၀နာရီအချိန်က P E C ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ယာဉ်လိုင်းနံပါတ်တူပြီး ပြေးဆွဲပေးသည့် ကုမ္ပဏီမတူသည့် YBS ခရီးသည်တင်ယာဉ်လိုင်းများအား ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် ပြောင်းလဲပြေးဆွဲပေးသွားမည်
Sep 28,2023
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၌ နေ့စဉ် YBS ခရီးသည်တင်ယာဉ်များ စီးနှင်းပြီး မြို့တွင်းခရီးသွားလာနေကြသည့် ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးစဉ်များ သွားလာကြရာတွင် ယခင်ကထက် ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့တွင်း ခရီးစဉ်ပြေးဆွဲပေးလျက်ရှိသော YBS ခရီးသည်တင်ယာဉ်လိုင်းများအနက် ယာဉ်လိုင်းနံပါတ်တူပြီး ပြေးဆွဲပေးသည့် ကုမ္ပဏီမတူသည့် YBS ခရီးသည်တင် ယာဉ်လိုင်းများအား ၂၀၂၃-ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှစတင်ကာ ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် ရန်ကုန်မြို့တွင်း စတင် ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ(YRTC)မှ သိရသည်။
ဒလမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သံတွဲခရိုင် လူထုအ‌ခြေပြုဗဟိုဌာန (Community Cente) ၌ Women Club နှင့် စာဖတ်ဝိုင်းကျင်းပ
Sep 28,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Women Club နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ဆုချီးမြှင့်ပွဲကျင်းပ
Sep 28,2023
၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၃) နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။
ဥတ္တရသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိ
Sep 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဇလောင်းကျေးရွာအုပ်စု၊ ပျဉ်းမနား-တောင်ညိုကားလမ်းမကြီး (၁၃မိုင် ၆ဖာလုံ)အနီးတွင် ဆောင်ရွက်ခဲ့သည်။