ကန်ကြီးထောင့်မြို့နယ်တွင် (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး ‘အခမဲ့’ ထိုးနှံပေး

ကန်ကြီးထောင့် စက်တင်ဘာ ၂၈

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး ‘အခမဲ့’ ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်လင်းစိုးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်ရှိ ခွေးနှင့်ကြောင်အကောင်(၅၀)အား ခွေးရူးရောဂါကာကွယ်ဆေး ‘အခမဲ့’ ထိုးနှံပေးခြင်းများအား ဆောင်ရွက်ခဲ့သည်။

 “ခွေးရူးရောဂါတိုက်ဖျက်ရေး၊ တက်ညီလက်ညီကာကွယ်ပေး၊ တစ်ခုတည်းသော ကျန်းမာရေး ALL FOR 1  ONE HEALTH FOR ALL ဆောင်ပုဒ်နှင့်အညီ သက္ကရာဇ် ၂၀၃၀ တွင် ခွေးရူးရောဂါ လျော့နည်း ပပျောက်သွားစေရန်ရည်ရွယ်၍ ခွေးနှင့်ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း ဖြစ်ကြောင်းနှင့် ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးမှုမရှိစေရန်၊ တိရစ္ဆာန်များမှတဆင့် ရောဂါကူးစက်မှုမရှိစေရန် ကာကွယ်ဆေးများအခမဲ့ထိုးနှံခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်လင်းစိုး ထံမှသိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)