သတင်းများ

လားရှိုးမြို့တွင် နဂါးမောက်သီးစိုက်ပျိုးမှုနှင့်ရောင်းချမှုများရှိလာပြီး အသီးဈေးကွက်အတွင်း ဈေးကောင်းရ
Sep 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းတွင် နဂါးမောက်သီးပင် စိုက်ပျိုးမှုများရှိလာပြီး ၎င်းတို့မှ ထွက်ရှိသော နဂါးမောက်သီးမှာလည်း ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
သရက်မြို့၌ ဆေးခန်းများအား သတ်မှတ်စံချိန်စံညွှန်းအညီ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး
Sep 28,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဖွင့်လှစ်ထားရှိသည့် ဆေးခန်းများအား သတ်မှတ် စံချိန်စံညွှန်းအညီ ကိုက်ညီမှု ရှိ/မရှိစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက ရွှေလဝန်းဆေးခန်း၊ရွှေဘုံသာဆေးခန်း၊ ဂန္ဓာဆေးခန်းနှင့် မင်းဆေးကုခန်းတို့တွင် လိုက်လံစစ်ဆေးခဲ့ကြသည်။
မိုးမိတ်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဝက်‌မွေးမြူရေး အောင်မြင်ဖြစ်ထွန်း
Sep 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ပဒါန်းကျေးရွာအုပ်စု၊ ပဒါန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင်ဝက်မွေးမြူးရေးခြံအား ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်ဇော်နှင့် ဝန်ထမ်းများ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကာလိမြို့၌ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းများ ဆောင်ရွက်
Sep 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကာလိမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် (၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ရှိသူများအား e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကာလိမြို့ အမှတ်(၁)ရက်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးသမဝါယမဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် (အသင်းသစ်) ဖွဲ့စည်းရန်အတွက် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 28,2023
စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် (အသင်းသစ်) ဖွဲ့စည်းရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့မွန်းလွဲ (၁)နာရီခွဲက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် မြေငှားဂရန်လျှောက်ထားနိုင်ရေး အသိပညာပေး
Sep 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြေယာစီမံခန့်ခွဲခြင်းနှင့် မြေငှားဂရန်လျှောက်ထားနိုင်ရေး အသိပညာပေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်ဆုချီးမြှင်ခြင်းအခမ်းအနားပြုလုပ်
Sep 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
မော်လိုက်မြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ပြန်/ဆက်ဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.မ.က(၂)ကျောင်း၌ ကျင်းပပြုလုပ်သည်။