သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲသို့ ဝင်ရောက် ယှဥ်ပြိုင်မည့်အဖွဲ့များ စုဖွဲ့ပြင်ဆင်လေ့ကျင့်နေမှုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့
Sep 29,2023
၂၀၂၃ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲသို့ ကချင်ပြည်နယ်မှ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် ပြည်နယ်အဆင့်ပြိုင်ပွဲကို ပြုလုပ်ကျင်းပ သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက် ၈ နာရီက ပြည်နယ်အဆင့် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အသီးသီးမှ ရောက်ရှိလာကြသော ပြိုင်ပွဲဝင် အဖွဲ့များနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များအား မြစ်ကြီးနားမြို့‌ပေါ်ရှိ ၎င်းအဖွဲ့များ စုဖွဲ့နေရာချထားသည့် စခန်းအသီးသီး၌ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Sep 29,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းကာ စာရေးဆရာမောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည် (၁)နာရီအချိန်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ (၁၇)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့လိုက်လံထိုးနှံဆောင်ရွက်
Sep 29,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ စက်တင်ဘာ ၂၈ရက်နေ့တွင် ကျရောက်သော (၁၇)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့ အထိမ်းအမှတ်အဖြစ် (ခွေး၊ကြောင်) များအား ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ လိုက်လံထိုးနှံဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 29,2023
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆပ်ကော်မတီ၏ စီစဥ်ညွှန်ကြားမှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ကျိုက်မရောမြို့နယ်၌ (၁၇)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Sep 29,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ယမန်နေ့က ကျရောက်ခဲ့သော (၁၇)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့ နေ့လယ် ၁ နာရီမှစတင်ကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။
ဒလမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။
အမာမြို့၊ မူလတန်းကြိုကျောင်းတွင် ကျောင်းတွင်း ဥာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်
Sep 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမာမူလတန်းကြိုကျောင်းတွင် ကလေးငယ်များ၏ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေး ဥာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်(၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။