သတင်းများ

လင်းခေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 28,2023
လင်းခေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၃နာရီက မြို့နယ် ပြည်ငြိမ်းအေးအားကစား ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
တနိုင်တပိုင်အသားတိုးဝက်မွေးမြူခြင်းဖြင့် မိသားစုဝင်ငွေပိုမိုရရှိ
Sep 28,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့သည် မြေဆီလွှာကောင်းမွန်၍ စိုက်ပျိုးရေးအောင်မြင် ဖြစ်ထွန်းသည့် ဒေသဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသော်လည်း ယခုအခါ တနိုင်တပိုင်အသားတိုးဝက်မွေးမြူခြင်းဖြင့် မိသားစုဝင်ငွေပိုမိုရရှိကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Sep 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်ကြောင်းကြီး (၅)ကြောင်းမှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများရှိ ပြည်သူလူထုများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နမ့်ဟူးလွယ်ကာကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် အယ်နီညိုနှင့်မွေးမြူရေး အသိပညာပေး ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်
Sep 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အယ်နီညိုနှင့်မွေးမြူရေး အသိပညာပေးရက်သတ္တပတ်လှုပ်ရှားမှုအား ဝါးကောက်တောကျေးရွာတွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
(World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ အကြောင်းပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းများ ဆောင်ရွက်
Sep 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါအကြောင်း ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းများကို ယနေ့နံနက်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြန်အောင်ခရိုင်ရုံး၌ ပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ်၌ (၁၇)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး
Sep 28,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ခွေးရူးရောဂါကြောင့် သေဆုံးမှုမရှိစေရေးနှင့် ခွေးရူးရောဂါကင်းစင်စေရေးအတွက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်သည့် (၁၇) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းကစတင်၍ မြို့ပေါ်၊ ရပ်ကွက်များတွင် အိမ်မွေးတိရစ္ဆာန်(ခွေး၊ ကြောင်)များကို စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တွံ​တေးမြို့နယ် ငါးလုပ်ငန်းသိပ္ပံ (တွံတေး)၌ ဥပဒေအကြောင်းအသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်း၌သင်တန်းတက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများ ဥပဒေရေးရာအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကျယ်ကျယ်ပြန့်ပြန် သိရှိစေရန်အတွက် တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဥ်ကြီးကြပ်မှုဖြင့် ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉နာရီက ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့မဈေးကြီးအတွင်း စားအုန်းဆီရောင်းချနေမှု တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး
Sep 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မြို့နယ်နေပြည်သူများ အနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်သူစားသုံးနိုင်ရေးအတွက် မြို့မဈေးကြီးအတွင်း စားအုန်းဆီများအား ကုန်စုံဆိုင်များတွင်ရောင်းချပေးလျက်ရှိရာ ထိုသို့ရောင်းချပေးနေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။