ကြံခင်းမြို့နယ် (အ.ထ.က)ဆိပ်သာကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Sep 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စုတွင် လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားလာစေရန်နှင့် လူငယ်များအချင်းချင်း ပူးပေါင်းဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ဆုံလဲအုပ်စု၊ (အ.ထ.က)ဆိပ်သာကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။