သံတွဲခရိုင် လူထုအ‌ခြေပြုဗဟိုဌာန (Community Cente) ၌ Women Club နှင့် စာဖတ်ဝိုင်းကျင်းပ

သံတွဲ စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန  (Community Centre) ၌ Women Club နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည် ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ မောင်မင်းစိုးရေးသားသည့် “မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ” ဆောင်းပါးမှ “မကောင်းသောဗီဇနှင့်ဝါသနာအားကြီးခြင်း” အကြောင်း သိကောင်းစရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။

၎င်းနောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Women Club အဖွဲ့ဝင် ဒေါ်ခင်မူက “တိကျသောရည်မှန်းချက်မရှိခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သင်းသင်းမာက “သာမန်ထက် ပို၍တိုးတက်လိုစိတ်မရှိခြင်း” ဒေါ်ခင်ညိုရင်က လုပ်ငန်း/ဘဝတိုးတက်မည့် အထောက်အကူ ပညာမတတ်ခြင်း၊ အတွေ့အကြုံဗဟုသုတမရှိခြင်း၊ မမြတ်စုဟန်က “ဇွဲလုံ့လဝီရိယနှင့် စည်းကမ်းမရှိခြင်း” ခေါင်းစဉ်များဖြင့် အသီးသီးဖတ်ကြားဆွေနွေးခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူးက ဖတ်ကြားဆွေးနွေးမှုများအပေါ်  ပြန်လည်ခြုံငုံသုံးသပ် ဆွေးနွေးပေးခဲ့သည်။

ထို့အပြင်   ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Talk Show များ၊ အသိပညာပေးဟောပြောပွဲများနှင့် ဆွေးနွေးပွဲ၊ လူငယ်စကားဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

သန့်ဇင်(ခရိုင်၊ပြန်/ဆက်)