ငပုတော စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြို့သူမြို့သားများ ဦးဆောင်၍ ငပုတောမြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလ သီတင်သုံးဝါဆိုဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ယနေ့နံနက် ၇ နာရီတွင် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူ ပူဇော်ဇော်ခဲ့ကြသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်း ကိုးကျောင်းစုစုပေါင်း ဘုန်းတော်ကြီးကျောင်း(၁၉) ကျောင်းမှ ကျောင်းထိုင်ဆရာတော်များ ရဟန်းသံဃာတော်များနှင့် သီလရှင် ဆရာကြီးဆရာလေးများအပါ အဝင်စုစုပေါင်း အပါး ၁၆၀ တို့ကို ပင့်ဖိတ်၍ ရွှေမြင်တင် ဘုရားရင်ပြင်တော်ပေါ်၌ စုရပ်ပြုလုပ်ပြီး ငပုတောမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းရပ်ကွက်ရှိ ယုဇနလမ်း၊ ပိတောက်ရွှေဝါလမ်း၊ မဉ္ဇူလမ်း၊ ယင်းမာလမ်းနှင့် မဂ္ဂင်လမ်းမကြီးတစ်လျှောက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာများနှင့် ရပ်ကွက်နေကြည်သူများကစုပေါင်း လောင်းလှူခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)