သရက်မြို့၌ ဆေးခန်းများအား သတ်မှတ်စံချိန်စံညွှန်းအညီ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး

သရက် စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဖွင့်လှစ်ထားရှိသည့် ဆေးခန်းများအား သတ်မှတ် စံချိန်စံညွှန်းအညီ ကိုက်ညီမှု ရှိ/မရှိစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက ရွှေလဝန်းဆေးခန်း၊ရွှေဘုံသာဆေးခန်း၊ ဂန္ဓာဆေးခန်းနှင့် မင်းဆေးကုခန်းတို့တွင် လိုက်လံစစ်ဆေးခဲ့ကြသည်။

အဆိုပါ ဆေးခန်းများ စစ်ဆေးဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးနှင့် စာသုံးသူအကာအကွယ်ပေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့က ဆေးခန်းစီမံခန့်ခွဲရေး ဝန်ထမ်းအင်အားအခြေအနေ၊ ဆေးခန်းအဆောက်အဦးအခြေအနေနှင့် ခွဲစိတ်ခန်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် ဆေးမှတ်တမ်းများထားရှိမှု အခြေအနေများကို လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

ဇော်ထက်(သရက်)