သတင်းများ

ချမ်းမြသာစည်မြို့နယ်၊သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Sep 29,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်သမဝါယမအသင်းစုရုံးရှိ ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က သမဝါယမ အသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်၌ (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ခွေးရူးရောဂါအကြောင်း ပညာပေးဟောပြောခြင်း နှင့် ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းများ ဆောင်ရွက်
Sep 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူး ရောဂါအကြောင်း ပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းများကို ယမန်နေ့ နံနက်ပိုင်း က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
မအီမြို့တွင် ကမ်းရံပိုက်ဖြင့် ငါးဖမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်လာသူ ရေလုပ်ငန်းရှင်များပြားလာ
Sep 29,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကမ်းရံပိုက်ဖြင့် ငါးဖမ်းကြသည့် ရေလုပ်ငန်းရှင်များ ယခင်နှစ်ကထက် ပိုမိုများပြားလာပြီး ဒီရေအတက်အကျပေါ် မူတည်၍ ငါးရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ (Clean & Green Schools) ပေါ်ထွန်းလာစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 29,2023
ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ (Clean & Green Schools) ပေါ်ထွန်းလာစေရေးနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean & Green School Award) ချီးမြှင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပညာရေးမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Sep 29,2023
ချင်းပြည်နယ် ပညာရေးမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃)ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ် ရုံးခန်းမဆောင်၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ဟားခါးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ ပညာရေးဒီဂရီကောလိပ်၊ စက်မှုလက်မှုသိပ္ပံ (ဟားခါး) မှ တာဝန်ရှိသူများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ တက်ရောက်ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲသို့ ဝင်ရောက် ယှဥ်ပြိုင်မည့်အဖွဲ့များ စုဖွဲ့ပြင်ဆင်လေ့ကျင့်နေမှုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့
Sep 29,2023
၂၀၂၃ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲသို့ ကချင်ပြည်နယ်မှ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် ပြည်နယ်အဆင့်ပြိုင်ပွဲကို ပြုလုပ်ကျင်းပ သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက် ၈ နာရီက ပြည်နယ်အဆင့် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အသီးသီးမှ ရောက်ရှိလာကြသော ပြိုင်ပွဲဝင် အဖွဲ့များနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များအား မြစ်ကြီးနားမြို့‌ပေါ်ရှိ ၎င်းအဖွဲ့များ စုဖွဲ့နေရာချထားသည့် စခန်းအသီးသီး၌ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Sep 29,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းကာ စာရေးဆရာမောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည် (၁)နာရီအချိန်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ (၁၇)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့လိုက်လံထိုးနှံဆောင်ရွက်
Sep 29,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ စက်တင်ဘာ ၂၈ရက်နေ့တွင် ကျရောက်သော (၁၇)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့ အထိမ်းအမှတ်အဖြစ် (ခွေး၊ကြောင်) များအား ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ လိုက်လံထိုးနှံဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။