စစ်ကိုင်းတိုင်းဒေသကြီးသမဝါယမဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် (အသင်းသစ်) ဖွဲ့စည်းရန်အတွက် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ

မုံရွာ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် (အသင်းသစ်) ဖွဲ့စည်းရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့မွန်းလွဲ ()နာရီခွဲက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အစည်းအဝေးတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်က  တိုင်းဒေသကြီး ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် (အသင်းသစ် ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာချောင်ချိရေးနှင့် ငွေစုဆောင်းတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေးကို အထူးအလေးထား၍ တိုင်းဒေသကြီးဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် (အသင်းသစ် ဖွဲ့စည်းရခြင်းဖြစ်ကြောင်းနှင့် ဝန်ထမ်းများအားလုံး ပါဝင်နိုင်ပါကြောင်း၊ အတိုးနှုန်းသက်သာစွာဖြင့် ဝန်ထမ်းများချေးငွေများ ချေးယူနိုင်ကြောင်း၊ ငွေထုတ်ချေးရာတွင် သာမန်ချေးငွေအား (၁၀)ဆပ်စနစ်ဖြင့်လည်းကောင်း၊ အထူးချေးငွေအား လ(၂၀)ဆပ် စနစ်ဖြင့်လည်းကောင်း ထုတ်ချေးပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဆန္ဒအလျှောက် လစဥ် စုဆောင်းငွေ ထည့်ဝင်နိုင်ပြီး ယင်းစုဆောင်းငွေပေါ်တွင်လည်း အတိုးငွေများ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ငွေစုငွေချေးသမဝါယမအသင်း ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ အသင်းသား၏ရပိုင်ခွင့်များ၊ သမဝါယမအသင်းများတွင် ငွေကြေးစုဆောင်းခြင်း၊ ငွေစုဆောင်းရမည့် နည်းလမ်းများ၊ ငွေကြေးစုဆောင်းခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များရှိ ဌာနဆိုင်ရာ ကိုယ်စားလှယ်များမှ သိရှိလိုသည်များအား မေးမြန်းဆွေနွေးခြင်းနှင့် အထွေထွေ ဆွေးနွေးခြင်းများကို တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်က ပြန်လည်ဖြေကြားပေးပြီး နိဂုံးချုပ်စကားပြောကြားပြီး အကြိုအစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)