သတင်းများ

ထားဝယ်မြို့၌ အခွန်ထမ်းပြည်သူများအား အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ
Oct 28,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင် အခွန်ထမ်းပြည်သူများအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့နယ် အခွန်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ စားနပ်ရိက္ခာဖူလုံစေရန် မိုးစပါးသီးနှံ ဧက ခုနှစ်သောင်းကျော် စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်း
Oct 28,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းဆန်စပါးစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ ၇၀၀၀၃ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။
ရေဖိအားကြောင့် ကွေးညွှတ်သွားသည့် ရေသွင်းတံခါးများအား ပြန်လည်ပြုပြင်ပေး
Oct 28,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ၏ စိုက်ပျိုးသီးနှံများ ရေပြည့်ဝစွာပေးဝေနိုင်ရေး စိုက်ပျိုးရေပေးမြောင်းများနှင့်ဆက်စပ်သည့်လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရေဖိအားကြောင့် ကွေးညွှတ်သွားသည့် သင်းတွဲမြောင်းထိပ်မှ ရေသွင်းတံခါးများအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။  
နတ်တလင်းမြို့၌ ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓမြတ်စွယ်တော်နှင့်ဓာတ်တော်များ အပူဇော်ခံပွဲကျင်းပမည်
Oct 28,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ နှစ်စဥ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓမြတ်စွယ်တော်နှင့်ဓာတ်တော်များ အပူဇော်ခံပွဲကို သကျမဟာမြတ်မုနိ ဘုရားကြီး သာသနာ့ဗိမ္မာန်တော်ကြီးတွင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။
မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲစာရင်းပြည့်စုံမှန်ကန်စေရန် ပေါင်းစပ်ညှိနိူင်းအစည်းအဝေး ကျင်းပ
Oct 28,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များအရ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းပြည့်စုံမှန်ကန်စေရန် ပေါင်းစပ်ညှိနိူင်းအစည်းအ‌ဝေးကို ယမန်နေ့နေ့မွန်းလွဲ(၁)နာရီ  အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သန်လျင်ကျိုက်ခေါက်စေတီတော်ကြီး၌ တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Oct 28,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပမည့် တန်ဆောင်တိုင် မသိုးသင်္ကန်းယက်လုပ်ယှဉ်ပြိုင်ပွဲ၊ ဆီမီးပူဇော်ပွဲ၊ ဆွမ်းတော်ကြီးတင်လှူပွဲ၊ ရွှေသင်္ကန်းကပ်လှူပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ စတုဒီသာကျွေးမွေးလှူဒါန်းပွဲများဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ချမ်းအေးသာစံမြို့နယ် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Oct 28,2025
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးအံ့ခန်းမဆောင်တွင် ကျောင်းသားလူငယ်များ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ပြင်ဦးလွင်မြို့နယ်အတွင်း ကျေးလက်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 28,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ်( ၄၇၂ ဒသမ ၂၅) သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ပြင်ဦးလွင်မြို့ရှောင်လမ်းမှ နောင်လှိုင်ကျေးရွာ ဆက်သွယ်သောလမ်း အရှည် ၁/၀ မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ၂၄ လက်မ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်မင်းမင်းမြင့်မှ ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။