သတင်းများ

မိုင်းဖြတ်မြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ချီးမြှင့်ငွေနှင့်စာသောက်ကုန်များ ပေးအပ်
Jul 21,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ‌ချီးမြှင့်‌ငွေနှင့်စားသောက်ကုန်များပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ပြုလုပ်ခဲ့သည်။
မိုင်းရှူးမြို့ အလယ်တန်းကျောင်း(ပန်စွဲ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Jul 21,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၌ ယနေ့နံနက် ၉နာရီက အလယ်တန်းကျောင်း(ပန်စွဲ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ရုတ်တရက် လေပြင်းတိုက်ခတ် ဓာတ်တိုင်လဲပြိုခြင်း သစ်ကိုင်ကျိုးကျခြင်းများ ဖယ်ရှားရှင်းလင်း
Jul 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက  ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်အများစုတွင် သစ်ပင်သစ်ကိုင်းကျိုးကျခြင်း၊ သစ်ပင်လဲခြင်းများကို လမ်းပိတ်ဆို့မှုမရှိစေရေးနှင့် ထိခိုက်မှု မရှိစေရေးတို့အတွက် မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ လိုက်လံဖယ်ရှား ရှင်းလင်း‌ပေးပြီး  လဲကျနေသော ဓာတ်တိုင်များ၊ သစ်ပင်သစ်ကိုင်းများကိုလည်း ဆက်လက်ရှင်းလင်း ဖယ်ရှားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် ကျန်းမားရေးစစ်ဆေးပေးလျက်ရှိ
Jul 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ အရန်သားဖွားဆရာမများလုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာဆွေးနွေးပွဲပြုလုပ်
Jul 21,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျန်းမာ‌ရေးဝန်ကြီးဌာန၏ရက်(၁၀၀)စီမံချက်ဖြင့် အရန်သားဖွား ဆရာမများ လုပ်ငန်း‌ဆောင်ရွက်ခြင်းဆိုင်ရာ‌ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက် U14 (Boys) Royal-D Cup (2026) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jul 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက် U14 (Boys) Royal-D Cup (2026) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂:၃၀)နာရီတွင်  မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီး ဌာန ဘောလုံးအားကစားကွင်းတွင် ကျင်းပကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ‌ပေးဟောပြောပွဲ ပြုလုပ်
Jul 21,2026
ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။