မိုင်းဖြတ်မြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ချီးမြှင့်ငွေနှင့်စာသောက်ကုန်များ ပေးအပ်

မိုင်းဖြတ် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ‌ချီးမြှင့်‌ငွေနှင့်စားသောက်ကုန်များပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးက ချီးမြှင့်ငွေနှင့်စားသောက်ကုန်များပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုး၊  မြို့နယ်မိသားစုစည်းရုံး​ရေးနှင့်စည်းကမ်းထိန်းသိမ်းရေး​ကော်မတီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ဝင်းတို့က ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ဝန်ထမ်းသားသမီး(၁)ဦး၊ သင်တန်းတက်ရောက်ရန်ဝန်ထမ်း(၁)ဦးအတွက် ချီးမြှင့်ငွေနှင့်ဝန်ထမ်း(၄၈)ဦးအတွက် ကြက်ဥနှင့်စားဆီများကိုပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)