မိုင်းရှူးမြို့ အလယ်တန်းကျောင်း(ပန်စွဲ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းရှူး ဇူလိုင် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၌ ယနေ့နံနက် ၉နာရီက အလယ်တန်းကျောင်း(ပန်စွဲ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစိန်ဝါမှ ကျောင်းစည်းကမ်းအကြောင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကျော်ဝင်းမှ လူငယ်နှင့်အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးရေးအကြောင်း ဟောပြောခဲ့ပါသည်။ ယင်းနောက် နည်းစနစ်မှူး ဦးကျော်ဝင်းက ကျောင်းအုပ်ဆရာမကြီးထံ ဘောလုံး(၁)လုံး ပေးအပ်လှူဒါန်းခဲ့ပါသည်။  အဆိုပါ ဟောပြောပွဲတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ   စုစုပေါင်း(၂၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

မိုင်းရှူး (ပြန်/ဆက်)