ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက် U14 (Boys) Royal-D Cup (2026) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ခရမ်း ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက် U14 (Boys) Royal-D Cup (2026) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂:၃၀)နာရီတွင်  မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီး ဌာန ဘောလုံးအားကစားကွင်းတွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အထက(၁)ကျောင်းနှင့် သက္ကယ်ကုန်းကျောင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သက္ကယ်ကုန်းကျောင်းအသင်းက အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမဆုရ သက္ကယ်ကုန်းကျောင်းအသင်းအား ဆုဖလားနှင့် ငွေသားဆု (၁၀)သိန်း၊ ဒုတိယဆုရ အထက(၁) ကျောင်း အသင်းအား  ငွေသားဆု (၈)သိန်း၊ တတိယဆုရ ကန်ညီနောင်ကျောင်းအသင်းအား  ငွေသားဆု (၆)သိန်းတို့အား မြို့နယ်စီမံခန့်ခွဲ‌ ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ရဲနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ‌ အသက် (၁၄) နှစ် အောက်ဘောလုံးပြိုင်ပွဲကို  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသင်း(၁၄)သင်း ပါ၀င်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကို‌ ဇူလိုင်လ (၆)ရက်နေ့မှ  (၂၀)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ခင်နှင်းဝေ(ခရမ်းပြန်/ဆက်)