သာစည်မြို့နယ်၌ သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 23,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သော သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်း မြေသားတာဘောင်တင်၍ ဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မိတ္ထီလာခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်နှင်းနှင်းအိလှိုင်နှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၂ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။