သတင်းများ

မိုင်းပျဉ်းမြို့၌ ဖုံး၊ သွန်၊ လဲ၊ စစ် ၊ အဘိတ်ဆေးခပ်ခြင်း ကွင်းဆင်းဆောင်ရွက်
Jul 21,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို သက်ဆိုင်ရာဌာနများ စုပေါင်း၍  ၂၀၂၆ ခုနှစ် ဇူလိုင်လ (၂၁) ရက် နံနက် ၁၀ နာရီက မြို့တွင်းရှိ မြို့ပေါ်ရပ်ကွက် (၃) ခုတွင် ဆောင်ရွက်ခဲ့ကြသည်။
မင်းတုန်းမြို့နယ်၌ ကျေးရွာမြေငှားဂရန် ပေးအပ်
Jul 21,2026
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မင်းရွာကိုင်းကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာဓမ္မာရုံတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းက အဖွင့်အမှာစကား ပြောကြားသည်။
ကံမမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကျေးရွာအုပ်စု(၁၉)အုပ်စု ထုတ်ချေးပြီးစီး
Jul 21,2026
တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေချောမွေ့စေရန်အတွက် ကံမမြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက လိန်တုန်းကျေးရွာအုပ်စုမှ တောင်သူများအားထုတ်ပေးခဲ့ပြီး စုစုပေါင်းကျေးရွာအုပ်စု(၁၉)အုပ်စု ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ
Jul 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း Public Talk ကို ယမန်နေ့ နေ့လယ် ၁ နာရီက သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စု၊ ခန်းမဆောင်၌ ကျင်းပသည်။
ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ချိုသာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေး
Jul 21,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ယနေ့နံနက် (၁၀) နာရီက အငြိမ်းစားဝန်ထမ်းများအတွက် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် Than Thar Trading Co;Ltd ဆီအရောင်းဆိုင်က စားအုန်းဆီများချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တို့မှတာဝန်ခံ အရာရှိနှင့်ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Jul 21,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူ (Book Club) နှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီအချိန်က စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၏ လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ကွန်းဟိန်းမြို့နယ် နမ့်ခမ်းကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကျင်းပ
Jul 21,2026
ဒေသခံတိုင်းရင်းသားပြည်သူများ၏ မြေပိုင်ဆိုင်မှုအခွင့်အရေးခိုင်မာစေရန်နှင့် နေထိုင်မှုဘဝလုံခြုံစိတ်ချရစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်းဟိန်းမြို့နယ်၊ ကွန်ဟိန်းမြို့မကျေးရွာအုပ်စု၊ နမ့်ခမ်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် ၁၁နာရီက ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သော ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့၌ ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Jul 21,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်နှင့် လွှတ်တော်ရုံးအဖွဲ့တို့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ယမ်းမိုင်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။