ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်
Jul 21,2026
နိုင်ငံတော်အဆင့် အခမ်းအနားများမှစ၍ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိရုံးဌာနလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ရာတွင်လည်းကောင်း၊ သက်ဆိုင်ရာဒေသအာဏာပိုင်များမှ ဦးစီးကျင်းပသည့် အခမ်းအနားများ၊ ပုဂ္ဂလိကပွဲလမ်းသဘင်များတွင် တာဝန်ပေးအပ်လာပါက အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်နှင့် အခမ်းအနားတစ်ခုကို အစီအစဉ် စနစ်တကျ၊ ကျွမ်းကျင်ပိုင်နိုင်စွာ ဦးဆောင်ကျင်းပနိုင်ရန် ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ဇူလိုင်လ ၂၀ ရက် နေ့လယ် ၁ နာရီက ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။