မိုးညို ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ရက်(၁၀၀)စီမံချက်ဖြင့် အရန်သားဖွား ဆရာမများ လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးက ကျေးလက်နေ ပြည်သူများ အတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး၊ ကလေး ကျန်းမာရေးနှင့်အဟာရဆိုင်ရာလုပ်ငန်းများ၊ ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်းနှင့် ဆွေးနွေးပို့ချပေးမည့်အစီအစဉ်များအားရှင်းလင်းပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သင်ကြားရေး ဆရာ/ဆရာမများက ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ထိ ၅ ရက်ကြာ ဆွေးနွေးပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား ၁၂ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)