သတင်းများ

နောင်မွန်းမြို့နယ်၌တောင်သူများအားဆီမုန့်ညှင်းမျိုးစေ့နှင့်ကွန်ပေါင်းဓါတ်မြေဩဇာများပေးအပ်
Jul 21,2026
‎ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပြည်ထောင်စုရန်ပုံ ငွေနှစ်လွန်ခွင့်ပြု ငွေဖြင့်ဝယ်ယူခဲ့သော ဆီမုန့်ညှင်းမျိုးစေ့နှင့် ကွန်ပေါင်းဓါတ်မြေဩဇာများအား ကချင်ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့်တောင်သူများထံသို့ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲချိန်က နောင်မွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝဏ္ဏကျော်ထင် ဦးဂူရှင်ဖုန်ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာဖတ်ဝိုင်းဆောင်ရွက်
Jul 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ယနေ့နံနက်(၁၁)နာရီက နန္ဒာသိန်းဇံ ရေးသားထားသော ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
ကျောက်တံတားမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအဖွဲ့၏ စာဖတ်ဝိုင်းကျင်းပ
Jul 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုး သူများအဖွဲ့၏ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျော်ဇင်ဝင်း (မရမ်းကုန်း)၏ ရသစာပေကိုစူးစမ်းခြင်းစာတမ်းဖြင့် ပြုလုပ်ခဲ့ကြသည်။
ခိုလမ်မြို့ အ.မ.က (နောင်ပိန်) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ ဆောင်ရွက်
Jul 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ အ.မ.က (နောင်ပိန်) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးနယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် စာအုပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်၌ မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများကို မျိုးစပါးနှင့် သွင်းအားစု ပေးအပ်ပွဲ ကျင်းပ
Jul 21,2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး  ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့်  သမဝါယမကဏ္ဍဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အသင်းသား တောင်သူများကို မျိုးစပါးနှင့် သွင်းအားစု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပုလောမြို့ သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ School Milk Programme အစီအစဉ်ဖြင့် အခြေခံပညာကျောင်းသား/ကျောင်းသူများအား နွားနို့နှင့်ကြက်ဥပြုတ် ဖြည့်စွက်အာဟာရတိုက်ကျွေး
Jul 21,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ School Milk Programme အစီအစဉ်ဖြင့် အခြေခံပညာကျောင်းသား/ကျောင်းသူများအား နွားနို့နှင့်ကြက်ဥပြုတ် ဖြည့်စွက်အာဟာရတိုက်ကျွေးခြင်းအခမ်းအနားကို ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်(၉)နာရီတွင် နောင်ချို မြို့နယ်ရှိ အ.မ.ကများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 21,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်၌ လူငယ်စာဖတ်ဝိုင်းပြုလုပ်
Jul 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်က  ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။