သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို သဲဖြူ၊အောင်တပ် ကျေးရွာအုပ်စုများသို့ သွားရောက် ဖြည့်ဆည်းဆောင်ရွက်ပေး

သာပေါင်း အောက်တိုဘာ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သဲဖြူ ကျေးရွာအုပ်စုနှင့်‌ အောင်တပ်ကျေးရွာအုပ်စုတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်း ဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိ့နှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။

ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိ့နှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင်စက်တင်ဘာလ ၃၀ ရက်နေ့၊နံနက် ၁၀ နာရီအချိန်က သဲဖြူ ကျေးရွာအုပ်စု၊သဲဖြူ ကျေးရွာ၊သဲဖြူ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာနေပြည်သူ (၃၁၀)ဦး၊မွန်းလွဲ ၁ နာရီအချိန်က အောင်တပ်ကျေးရွာအုပ်စု၊အောင်တပ်ကျေးရွာ၊ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာနေပြည်သူ(၂၁၃)ဦးတို့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးလှဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃)မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်နှင့်ဌာနဆိုင်ရာများက တွေ့ဆုံ၍ တရားဥပဒေ စိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ကျောင်းများလုံခြုံရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ကျေးရွာအုပ်စုပြည်သူ့ လုံခြုံရေး ကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော် ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ စနေနေ့ တိုင်း နေအိမ်အလိုက်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေးဖုံးသွန်လဲစစ်ဆောင်ရွက်ရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါကွယ်ရေးဆောင်ရွက်ရန်၊ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးဆောင်ရွက်ရန်၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)အား၂၀၂၄ ခုနှစ်တွင် ဧကပြည့်စိုက်ပျိုးရေး ကြိုတင်ဆောင်ရွက်ရန်၊ ရိုးပြတ်ကျန်ဧကများမရှိရေး သီးထပ်စိုက်ပျိုးရန်၊ဆောင်းနေကြာ လျာထား ဧကပြည့်မီစွာ စိုက်ပျိုးရေးဆောင်ရွက်ရန်၊ ငါးသယံဇာတထိန်းသိမ်းရေး၊ လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းရေး၊ တစ်နိုင်တစ်ပိုင် ကြက်/ဘဲ/ဝက်မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည် ဆွေးနွေး ရှင်းလင်း‌ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်