သာယာဝတီမြို့နယ်၌ ဆောင်းဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပဲတီစိမ်း၊ မတ်ပဲများအထွက်နှုန်းတိုးတက်ရေး အသိပညာပေးဆွေးနွေး

သာယာဝတီ    အောက်တိုဘာ  ၁

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၃/၂၀၂၄ ခုနှစ် ဆောင်းဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပဲတီစိမ်း၊ မတ်ပဲများအထွက်နှုန်းတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အိုင်ဂဒုံအုပ်စု၊ အိုင်ဂဒုံကျေးရွာ၌ ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက သာယာဝတီမြို့နယ်အတွင်း ဆောင်းမြေပဲ၊ နှမ်းတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စားသုံးဆီဖူလုံမှုရရှိစေရေးနှင့် အထွက်နှုန်းကောင်းမွန်သည့် ဗီယက်နမ်မြေပဲမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးဆွေးနွေးပြောကြားခဲ့သည်။

ယင်းနော် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က အထွက်နှုန်းကောင်းမွန်၍ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသော ဆီထွက်သီးနှံများ ဖြန့်ဖြူးဆောင်ရွက်သွားမည့်အခြေအနေများနှင့် စိုက်ပျိုးနည်းစနစ်များကို နည်းပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)