ပူတာအို၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

ပူတာအို အောက်တိုဘာ ၁

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ(၁)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဆွေညွန့်က အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဆွေညွန့်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ရဲတပ်သားသစ်အများဆုံး စုဆောင်းရှိမှု ပထမ၊ ဒုတိယ၊ တတိယဆုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန် ဆောင်ရွက်ရာတွင် ဘက်စုံကဏ္ဍစုံမှ ဝိုင်းဝန်းကူညီပံ့ပိုး၍ တာဝန်အရပ်ရပ်ကို ဂုဏ်ပြုလေးစား ထိုက်သော စိတ်ဓာတ်ဖြင့် ရဲတပ်ဖွဲ့အား ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ပူတာအိုခရိုင်ရဲတပ်ဖွဲ့ မိသားစု နေအိမ်လိုင်းခန်း သန့်ရှင်းရေး အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုများအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်/စခန်းများမှ အရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့မိသားစုဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)