မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် တက္ကသိုလ်ပေါင်းစုံ ကလပ်အသင်းပေါင်းစုံနှင့် ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ အောက်တိုဘာ  ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(၄)မြို့နယ် တက္ကသိုလ်ပေါင်းစုံကလပ်ပေါင်းစုံးနှင့် ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ   ၃ နာရီ ၃၀မိနစ်အချိန်က မိတ္ထီလာ မြို့နယ် ပေါက်ချောင်းအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် တက္ကသိုလ် ပေါင်းစုံ ကလပ်ပေါင်းစုံးနှင့် ဌာနပေါင်းစုံအမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက်နေမှ ၃၀ ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း(၁၄)ဖြင့် ကျင်းပခဲ့ပြီး ဗိုလ်လုပွဲစဉ်အဖြစ် ချည်စက်အသင်းနှင့် မလှိုင်မြို့နယ် အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာတွင်  ချည်စက်အသင်းက အနိုင်ရရှိခဲ့သည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းကျော်က ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားမားဆုရရှိသည့် မလှိုင်မြို့နယ်အသင်းမှ မောင်ရာဇာစိုးလွင်အား အကောင်းဆုံးအားကစားမားဆုကို ချီးမြှင့်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကျော်ဇေယျက ဒုတိယရရှိသည့် မလှိုင်မြို့နယ်အသင်းအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ငွေသားဆုတို့အား ချီးမြှင့်ခဲ့သည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီး သက်ထွဋ်က ပထမရရှိသည့် ချည်စက်အသင်းအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်အား ချီးမြှင့်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ပထမရရှိသည့် ချည်စက် အသင်းအား ငွေသားဆုနှင့် တခွန်စိုက်ဖလား တို့အား ချီးမြင့်ခဲ့ကြောင်းသိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)