မြစ်သား အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဘုန်းမြတ်ကို ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများသည် ကျေးလက်နေပြည်သူများအား နယ်လှည့်ကုသရေးလုပ်ငန်းများကို ယမန်နေ့နံနက် (၉)နာရီ အချိန်က ညောင်ဂျစ်အုပ်စု၊ ညောင်ဂျစ်ကျေးရွာ၌ (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ဆေးကုသမှုများကို ညောင်ဂျစ်ကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများအား သွေးတိုး၊ ဆီးချို၊ သွေးချိုရောဂါနှင့် အခြားရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးတိုးရောဂါ ရှိမရှိ စစ်ဆေးပေးခြင်း၊ ရောဂါအလိုက်လိုအပ်သည့် ဆေးဝါးများဖြင့် ကုသပေးခြင်းနှင့် အခြားနောက်ဆက်တွဲ ရောဂါဆိုးများ မဖြစ်ပွားစေရန် စစ်ဆေးကုသပေးခြင်းများ ပြုလုပ်ကြပြီးလိုအပ်သည့် ဆေးဝါးများကိုလည်း (အခမဲ့) ဆောင်ရွက်ပေးကာ အစားအသောက်ဆိုင်ရာ ကျန်းမာရေးအသိပညာပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)