မောင်တော အောက်တိုဘာ ၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် မောင်တောခရိုင်ရဲတပ်ဖွဲ့မှူးရုံး မေယုခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မောင်တောခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကိုကိုလေးက (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်မှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် မောင်တောခရိုင်ရဲတပ်ဖွဲ့မှ ၂၀၂၃ ခုနှစ်အတွင်း ခရိုင်အဆင့် ရုံးလုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများနှင့် မှုခင်းကိစ္စရပ်များတွင် စွမ်းစွမ်းတမံ ထူးချွန်စွာ ဖော်ထုတ်နိုင်ခဲ့သောရဲတပ်ဖွဲ့ဝင်များအား ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက အမှုထမ်းကောင်းလက်မှတ်နှင့် ဂုဏ်ပြုဆုငွေ များချီးမြှင့်ပေးခဲ့သည်။ယင်းနောက်(၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် Video Clip ဖြင့်ပြသခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့သည်။ အခမ်းအနားသို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ကိုကိုလေး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ ဒုတိယ ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ကိုကို၊ ခရိုင် အကူရဲတပ်ခွဲမှူး ရဲမှူးကျော်လှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင် ၊အမှတ်(၄၆) မူးယစ်ရဲတပ်ဖွဲ့စု ရဲမှူး မြင့်သောင်း၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ထွန်းနိုင်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အငြိမ်းစား ဝန်ထမ်းများ၊ ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်၊ (ပြန်/ဆက်)