ကာလိမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကာလိ အောက်တိုဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး  အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ မူလတန်းမိုင်းယိုင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီကိုလင်းက အဖွင့်အမှာစကားပြောကြားပြီး၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က   ကျောင်းသား၊ ကျောင်းသူများအား  စာပေဖတ်ရှုခြင်းဖြင့်ရရှိနိုင်မည့် အကျိုး ကျေးဇူးများ စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်များ ဝေဖန်ပိုင်းခြားနိုင်ပြီး  အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍  ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းပြောကြားပြီး " တန်ဖိုးရှိတဲ့ လူ့ဘဝ"၊ "ကံဆိုတာ အလုပ်" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်နှင့် စာအုပ်၊စာစောင်များခင်းကျင်းပြသခဲ့ပြီး ကျောင်း သား၊ကျောင်းသူများကစိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်းသိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)