သတင်းများ

ငဖဲမြို့နယ် ရင့်ရှည်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၃၅၀)စုအား စားအုန်းဆီ တစ်ပိဿာလျှင်ငွေကျပ် ၄၉၀၀ နှုန်းဖြင့် ဆက်လက်ရောင်းချပေး
Sep 30,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ စားသုံးမှု အဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၁)ပိသာလျှင် ငွေကျပ် ၄၉၀၀ နှုန်းဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ငဖဲမြို့နယ် ရင့်ရှည်ကျေးရွာအုပ်စုမှ ပြည်သူများအား ကျေးရွာဘက်စုံသုံးခန်းမ၌ ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (တစ် ဒသမ လေးပေခန့်) ဆက်လက်ရေကျော်ကျ
Sep 30,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးအတွက် တောင်သူများ အားထားရသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့်ဘုတ်ချောင်းဆည်များရှိသည့်အနက် ဆဒ္ဒန်ဆည်‌ရေလှောင်တမံမှာ စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌ မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ စက်တင်ဘာလ  ၃၀ ရက်နေ့တွင် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (တစ် ဒသမ လေးပေခန့်)   ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြေတိုင်း-၅ ရာထူးနေရာများ အရည်အချင်းစစ် ရေးဖြေစာမေးပွဲများကျင်းပ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၇၈) ဦးဖြေဆို
Sep 30,2023
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြေတိုင်း-၅ရာထူး နေရာများအတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ သတ်မှတ်စာဖြေ‌ဌာနများတွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး စာဖြေဌာန မုံရွာမြို့တွင် (၇၈) ဦး လာရောက်ဖြေဆိုခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
ကာလိမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
Sep 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၉) နာရီ အချိန်က ကာလိနယ်မြေရဲစခန်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အိမ်တွင်းမှုစက်ချုပ်နည်းပညာ (မွမ်းမံ)သင်တန်းဆင်းပွဲ ကျင်းပ
Sep 30,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖန်တီးပေးနိုင်ရန်နှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အိမ်တွင်းမှုစက်ချုပ်(မွမ်းမံ)သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့တွင် လူမှုဖူလုံရေးစီမံကိန်း၏ ကျန်းမာရေးစောင့်ရှောက်မှုအား ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍ Provider Purchaser Split စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲခြင်း ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Sep 30,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ လူမှုဖူလုံရေးစီမံကိန်း၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ Provider Purchaser Split စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲခြင်း ရှင်းလင်းဆွေးနွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟိုတယ်ကျောက်ဆည်၌ ကျင်းပပြုလုပ်ခဲ့သည်။
တာလေမြို့၊ အမှတ်(၃)ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်
Sep 30,2023
အများပြည်သူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခတ်ခြင်းကို ယနေ့ နံနက် ၇ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အမှတ်(၃)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။